Tuesday, September 13, 2016

Android apk icon တွေကို ဘာsoftwares မှ မသုံးပဲ Pc မှာမြင်အောင်လုပ်မယ်


ကိုယ့်ကွန်ပျူတာမှာ Android application iconတွေကို အဖြူကြီးတွေပဲမြင်နေရမယ်ဆိုရင် နာမည်တော့သိရပါရဲ့ ဘာပုံမှမမြင်ရတော့ ဘာapk မှန်းလဲ မသိနိုင်တော့ဘူး။ ပုံလေးနဲ့ apk nameလေးနဲ့ တွဲမြင်ရတော့ စိတ်ချမ်းသာသလို ရှာရပြုရလဲလွယ်ကူတာပေါ့။ တော်များများတော့ အဲ့လိုမြင်ချင်ရင် MZPCW ဆိုလား ဘာလား တရုတ်စာနဲ့မို့ အဲ့software ကို install လုပ်ပြီးသုံးကျတယ်။ android apk icon တွေမြင်ရအောင်ပေါ့လေ။ ကျွန်တော်တော့ အဲ့ကောင်မသုံးဘူး။ လိုချင်တာက apk icon တွေမြင်ရုံပဲလေ။အခုကျွန်တော်ပြောတဲ့ နည်းလေးက ကျွန်တော်ပေးထားတဲ့ zip file လေးကို ဒေါင်းပါ။ပြီးရင် ဖြည်ချ run ပေးလိုက်ရုံပဲ အဆင်မပြေဘူးလား။ ကိုင်းစလုပ်ရအောင် လိုအပ်တာလေးကို ဒီမှာ ဒေါင်းဗျာ...ပြီးသွားရင်တော့ အောက်မှာလုပ်ပြထားတဲ့အတိုင်းလေး လိုက်လုပ်ရအောင်


ကိုယ်ဒေါင်းထားတဲ့ နေရာလေးတော့ သိမှာပါနော်။ Ok အ့ဆို သွားလိုက်ရအောင်။ ဒေါင်းထားတဲ့ zip file လေးပေါ်မှာ Right click နှိပ်လိုက်ပါ။ပြီးရင် copy ပေါ့။(ဒါက လုံးဝမသိတဲ့ သူတွေရှိလို့ပြောတာပါ တချို့က ဟားချင်မှာပေါ့) copy ယူပြီးရင် အောက်ကပုံလေးဆက်ကြည့်ဗျာ..

ဲMy computer ကိုသွားလိုက်ပါ။ (win+E) ok နော်။ Local disk (C) ပေါ်မှာ right click နှိပ် paste ချပါ။



copy ယူပြီးသွားပြီဆိုတော့ local disk c ထဲမှာ ခုနက ကူးခဲ့တဲ့ zip file လေးတွေ့မှာပါ။ အဲ့ zip file ပေါ်မှာ right click နှိပ် Extract Here နှိပ်ပေါ့။ဖြည်ချတာနော်။ .bat file လေးတွေထွက်လာမယ်နော်။ အောက်မှာ ဆက်ကြည့်ဗျာ



အဲ့လို file လေးတွေထွက်လာတဲ့ အထဲက install.bat ဆိုတဲ့ file အပေါ်မှာ Right click ထောက်ပြီး Run as administrator လို့ run ပေးလိုက်ပါ။ အဲ့ဒါဆို မြင်ရပါပြီ။ 
           အထက်ပါအဆင့်တွေ သေချာလုပ်ခဲ့မယ်ဆိုရင်တော့ မိမိတို့ ကွန်ပျူတာမှာ သေချာပေါက် android apk လေးတွေကို icon လေးတွေနဲ့ တွဲမြင်ရမှာပါ။
အဆင်ပြေကြပါစေဗျာ.....(ဖားကန့်သားလေး)




No comments:

Post a Comment

Download ဆွဲနေရင်းပြတ်ကျသွားရင်ပြန်ပြန်ဆွဲနေရတယ်ဆိုတဲ့ Fri များအတွက် Loader Droid

တော်တော်များများကြုံဖူးကြမှာပါ။ ဒေါင်းလုပ်ဆွဲနေရင်း လိုင်းပြတ်ကျသွားရင် အသစ်ပြန်ပြန်ဆွဲနေရပါတယ်။ အစက ပြန်ပြန်ဆွဲနေရတာပေါ့ဗျာ။ အစကပြန်ဆွ...