ပုံမှန်အားဖြင့် ကျွန်တော်တို့ windows တင်ရင် windows DVD နဲ့တင်လေ့ရှိပါတယ်။ ဒါပေမယ့် memory stick နဲ့တင်ရဖို့လဲ လိုကောင်းလိုအပ်လာနိုင်ပါတယ်။ သာမန်user တွေ windows တင်ရင် stick နဲ့တင်တဲ့အပိုင်းကိုပြောရမှာပေါ့။ windows CD or DVD ထဲက file အားလုံးကို copy ယူပြီး memory stick ထဲမှာ paste ချပြီး အဲ့stick နဲ့ windows တင်လိုက်ကြတာပဲ။ မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် တချို့ file လေးတွေမစုံလို့ error တက်တာတွေလဲ ကြုံဖူးပါတယ်။ ကိုယ်ကတော့ သာမန်လေးကူးယူလိုက်တာပါ။ deep မဖြစ်ပါဘူး။ ဒီ software လေးအသုံးချလိုက်မယ်ဆိုရင် လွယ်ကူပြီး ကိုယ့် windows DVD or CD ကို clone ရိုက်ပေးလိုက်တာမို့ အရမ်းအထောက်ကူဖြစ်လို့ပါ။ ကျွန်တော်လဲသုံးကြည့်ပြီးပါပြီ။ လုံးဝအဆင်ပြေပါတယ်ခင်ဗျာ။ windows CD/DVD ထဲက ဘာမှမကျန်အောင် ကူးယူပြီး memory stick ထဲကို အသင့်ဖြစ်အောင်လုပ်ပေးလိုက်တာမို့ easy ဖြစ်သွားတာပေါ့ဗျာ။ software လေးက အသုံးပြုပုံရိုးရှင်းလွယ်ကူတာမို့ ရှင်းမပြတော့ပါဘူး။ ဒါကိုတော့နားလည်ပေးပါဗျာ။ (အဆင်ပြေကြပါစေ...ဖားကန့်သားလေး)
thanks for visited my blog


No comments:
Post a Comment