အခုတင်မှာကတော့ viber ကို ကိုယ့်ဖုန်းနံပါတ်အစစ်နဲ့ မဖွင့်ပဲ ဖုန်းနံပါတ်အတုနဲ့ viber ရအောင်လျှောက်ပါမယ်။
ကျွန်တော်တို့အားလုံးသိထားတာကတော့ viber လျှောက်တဲ့အခါမှာ မိမိဖုန်းနံပါတ်အစစ်နဲ့ လျှောက်ပြီး code ပို့လာတဲ့အခါ code ဖြည့်ပြီး။ ဖွင့်လိုက်တာပါပဲ။အဲ့ဒီတော့ viber တော့ပွင့်သွားပါတယ်။ ဒါပေမယ့် မိမိဖုန်းနံပါတ်ကြီးပေါ်နေမှာပါ။ အဲ့တော့ နေရာတိုင်းကိုယ့်ဖုန်းနံပါတ်ကြီး ပေါ်နေရင်မကောင်းပါဘူး။ မပျော်တာပေါ့လေ။ အဲ့တော့ အမေရိကန်ဖုန်းနံပါတ်အတုတစ်ခုလုပ်ပြီး
လျှောက်လိုက်တော့ ကိုယ့်ဖုန်းနံပါတ်လဲမသိတော့ဘူး။ အမေရိကန်ကလိုလိုဘာလိုလိုပေါ့။ ကဲစလိုက်ရအောင် လူတော်တော်များများလဲ ကြိုက်မှာပါ။
၁. Text Free ဆိုတဲ့ ဖုန်းနံပါတ်အတုလုပ်လို့ရမယ့် apk လေးကိုဒေါင်းလိုက်ပါ။
၂. ရလာတဲ့ Text Free apk ကို ဖုန်းနံပါတ်တစ်ခုရအောင်လျှောက်ရမှာပါ။ အကောင့်လျှောက်တဲ့အခါ postal code ဖြည့်ရမယ့်နေရာရောက်လာမှာပါ။အဲ့နေရာရောက်ရင် 20505 လို့ဖြည့်ပေးပါ။ဒီ postal code အရ 307 နဲ့စတဲ့ဖုန်းနံပါတ်အတုတစ်ခုရပါပြီ။
၃.ဖုန်းနံပါတ်အတုတစ်ခုရပြီဆိုတော့ viber ဆီသွားပါ။
၎.ထုံးစံအတိုင်း viber လျှောက်ပါ။ country မှာ ခါတိုင်းလိုမြန်မာမရွေးလိုက်နဲ့အုံး။ United State ကိုရွေးပေးပါ။ ဖုန်းနံပါတ်ကိုတော့ ခုနကရတဲ့ဖုန်းနံပါတ်ထည့်ပေးလိုက်ပေါ့။
၅. ဖုန်းနံပါတ်အတုကို miss call တစ်ခုဝင်လာပါမယ်။ အဲ့ miss call နံပါတ်က 12 လုံးပါမှာပါ။ အဲ့ဒီ 12လုံးမှာ ရှေ့ဆုံးခြောက်လုံးဖယ်လိုက်ပါ။ပြီးရင်နောက်ဆုံးကနှစ်လုံးကိုလဲဖယ်လိုက်ပါ။ ကျန်တဲ့ code 4 က viber code ပါပဲ။ဥပမာ...564287111733 အဲ့ နံပါတ်နဲ့ miss call ဝင်ခဲ့တယ်ဆိုပါစို့။ ရှေ့ကခြောက်လုံးဖြစ်တဲ့ 564287ကိုဖယ်ပါ။ပြီးရင်နောက်ဆုံးနှစ်လုံးဖြစ်တဲ့ 33 ကိုဖယ်ပါ။ ကျန်တဲ့ 1117. အဲ့လေးလုံးကို code အဖြစ်ဖြည့်ပေးလိုက်ပါ။ အာ့ဆို viber acc ပွင့်သွားပါပြီ။ ဖုန်းနံပါတ်ကတော့ အတုပေါ့လေ။ ကျော်လဲအာ့လိုပဲလုပ်ထားပါတယ်။ တဖက်လူက အမေရိကန်ဖုန်းနံပါတ်နဲ့ မြင်နေရမှာပါ။ အဆင်ပြေကြပါစေ..(ဖားကန့်သာလေး)


No comments:
Post a Comment