အရင်အခေါက်တွေကတော့ ooredoo fb plan ကို Handler နဲ့ Http Injector apk တွေသုံးပြီးinternet free သုံးလို့ရအောင်လုပ်နည်းတွေပြောပြပြီးပါပြီ။ ဒီတခေါက်တော့ XP Psiphon apk အသုံးပြုပြီး internet free ရအောင်ဘယ်လိုသုံးရမလဲဆိုတာပြောပြပေးသွားပါမယ်။ ဘာတွေလိုအပ်လဲဆိုတာ ခဏခဏပြောခဲ့ပြီးပြီမို့ မပြောပြတော့ပါဘူး။ အရင် Handler နဲ့ free သုံးနည်း Http Injector နဲ့ Free သုံးနည်းတွေပြန်ကြည့်ချင်ရင်
ကျွန်တော့ Blog Home page ကိုသွားလိုက်ပါ။ ညာဖက်ဘေးနားက internet free ဆိုင်ရာဆိုတာလေးနှိပ်လိုက်ရင် တွေ့ပါလိမ့်မယ်။ ကဲ..ထားပါတော့။ အခုလိုရင်းကိုသွားရအောင်ဗျာ။ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ...
XP Psiphon apkလေးကို ဖွင့်လိုက်ပါ။
ဘယ်ဖက်ထောင့်နားလေးက Menu button လေးကို click
ဒီကောင်ကလဲ Http Injector လိုပါပဲ။ သူ့ setting file လေးသွင်းပြီးချိတ်ရမှာမို့ import config ဆိုတာလေးနှိပ်လိုက်ပါ
ကျွန်တော်ပေးထားတဲ့ file လေးကို ဒေါင်းလုပ်ဆွဲထည့်မှာဆိုတော့ External storage ကိုရွေးလိုက်ပါ
Download ဆိုတဲ့ Folder ထဲကို ဝင်လိုက်ပါ
ကဲ ဒီနေရာမှာ အရေးကြီးပါတယ်။ ကိုယ်က facebook plan ကို တပတ်တစ်ထောင်နဲ့ သုံးနေတဲ့သူလား ဒါမှမဟုတ် တစ်လမှ တစ်ခါ free သုံးချင်တဲ့သူလား။ ကောင်းပြီ တစ်လကို တစ်ခါ ooredoo sim card နဲ့ free သုံချင်တဲ့သူဆိုပါတော့ ဒါဆို No.1 file လေးကိုရွေးပေးလိုက်ပါ။ ဒါပေမယ့် 500MB ပဲ အလကားသုံးလို့ရမှာနော်။ ဒါပေမယ့်နည်းလားဗျာ။ အလကားရတာကြီးကို။ ကဲ သင်က တပတ်စာ facebook plan ကို တစ်ထောင်နဲ့ ဝယ်သုံးထားတဲ့သူဆိုရင်တော့ No.2 ကိုရွေးပေးလိုက်ပါ။ သူလည်းတနေ့ကို 500MB ရပါမယ်။ OK ကိုယ်သုံးတဲ့အပေါ်မူတည်ပြီးရွေးနှိပ်ပြီးပြီဆိုရင်တော့ အောက်ကိုဆက်ကြည့်ဗျာ။
ဖိုင်ထည့်သွင်းပြီးပြီဖြစ်တဲ့အတွက် connect ဆိုတဲ့ button လေးကို click လိုက်ဗျာ...
OK ပေါ့
အခုလိုမျိုးလေးချိတ်ဆက်နေပါလိမ့်မယ်။
ဒီလိုသော့ပုံလေးပေါ်လာပြီဆိုရင်တော့ မိမိနှစ်သက်ရာ သုံးနိုင်ပါပြီခင်ဗျာ။ လိုအပ်တဲ့ apk နဲ့ setting file လေးတွေကို အောက်မှာဒေါင်းယူသွားပါခင်ဗျာ
XP Psiphon apk download here
အပေါ်က Link လေးတွေကနေဒေါင်းယူသွားပါ။
အဆင်ပြေကြပါစေ...(ဖားကန့်သားလေး)
passwort tong nay tal bro
ReplyDelete