သူ့ရဲ့သဘောတရားက ခင်ဗျားဟာဆပ်ပြာမှုန့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုပါစို့ဗျာ။ ခင်ဗျားရဲ့ဆပ်ပြာမှုန့်ကို လူတွေအများကြီးသိအောင် TV မှာ ကြေငြာမယ်။ ဘုတ်တွေထောင်ပြီးကြေငြာမယ်။ ဗီနိုင်းတွေကပ်ပြီးကြေငြာမယ်။ ဒါပဲလား အားမရသေးဘူး။ ကိုယ့်ထုတ်ကုန်ကို လူပိုသိအောင်ကြေငြာမယ်။ အဲ့မှာ online မှာလဲ ကြေငြာလို့ရတယ်ဆိုတော့ online မှာလဲ ကြေငြာချင်တယ်။ ကဲ့ အဲ့မှာစတွေ့တာပဲ ကျွန်တော်က ကြေငြာ website လုပ်ငန်းရှင်တစ်ယောက် ခင်ဗျားက ခင်ဗျားရဲ့ ဆပ်ပြာမှုန့် ပိုရောင်းကောင်းအောင်ကြေငြာပေးပါပေါ့။ ကမ်းလှမ်းမှုစတင်လာပါပြီ။ ကောင်းပြီကျွန်တော်ကြေငြာပေးမယ်။ ဝန်ဆောင်ခကတော့ တစ်လစာ ဘယ်လောက်ကျမယ်ပေါ့။ ခင်ဗျားက ကျွန်တော့ ဝန်ဆောင်ခပေးပြီး ပြန်သွားပြီ။ ခင်ဗျားတာဝန်တော့ ကျေသွားပြီ။ ကျွန်တော့ တာဝန်ရောက်လာတော့တာပေါ့။ ကျွန်တော်က လူထုနဲ့ ခင်ဗျား ထုတ်ကုန်ကို မိတ်ဆက်ပေးရတော့မယ်။ ပိုက်ဆံလဲ ယူထားပြီကိုး။ လူထုသိအောင်ကြေငြာတဲ့ အခါ အခမဲ့ မဟုတ်တော့ပဲ မက်လုံးပေးရတော့တာပေါ့။ ငါ့site မှာ ကြေငြာလာကြည့်ကြ ကြေငြာတစ်ခုကို ဘယ်လောက်ပေးမယ်။ ဘယ်လောက်ပဲကြာမယ်ဆိုပြီး ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သည်းခြေကြိုက်ငွေနဲ့ မျှားခေါ်တော့တာပဲ။ site owner လဲ အကျိုးအမြတ်ရ ထုတ်ကုန်ကြေငြာသူလဲ သူ့ထုတ်ကုန်လူသိတော့ ပိုကောင်း သွားကြည့်တဲ့ ခင်ဗျားတို့ကျွန်တော်တို့လဲ ပိုက်ဆံရ သုံးဦး သုံးဖက်အဆင်ပြေစေတာပေါ့။
PTC Site တစ်ဆိုဒ်မှာ အလုပ်လုပ်ရင်ဘယ်လောက်ရနိုင်လဲ?
PTC site တစ်ခုကို (သေချာ) လုပ်မယ်ဆိုရင်ခင်ဗျား တစ်နေ့ကို ငါးဒေါ်လာကနေ ဆယ်ဒေါ်လာအထိကို ရနိုင်ပြီး site မပျက်မချင်း ကိုယ်ပိုင်စီးပွားရေးတစ်ခုလို အလုပ်လုပ်သွားလို့ရပါတယ်။ ပြောချင်တာက တစ်ခုပဲ ဒီအလုပ်ကို လုပ်မယ်ဆိုရင် စိတ်ရှည်ရမယ်။ နေ့တိုင်းမပျက်မကွက်လုပ်ပေးနိုင်ရမယ်။ ဖွဲမီးအုံးသလို တမြေ့မြေ့နဲ့ နေ့စဉ်လုပ်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ တစ်နေ့ထဲ တစ်သောင်း ငါးထောင်အပြင်မှာတောင်လုပ်ကြည့်ပါအုံး ပေးသလားလို့။ အခုဟာက ဘာမှမပင်ပန်းပဲ ကြေငြာထိုင်ကြည့်ရမှာလေ။ ဗြုန်းခနဲ တော့ဘယ်သူမှမပေးဘူး။ ပေးစရာလားဗျ။ ဒါဆိုလောကကြီးတစ်ခုလုံးဟာ လူချမ်းသာတွေပဲ ပြည့်နေတော့မှာပေါ့။ ခက်လို့လားလို့ပြောရင်လဲ မခက်ပါဘူး လွယ်လို့လားလို့မေးရင်လဲ ဖြေစရာက အလွယ်ကြီးလဲ မဟုတ်ဘူးလို့ပဲဖြေစရာရှိပါတယ်။ ဘာလို့လဲ??? PTC Site မှာ ငွေရှာရင်းအသက်မွေးဝမ်းကြောင်းပြုမယ်ဆို အရေးကြီးဆုံးက ဇွဲရှိဖို့လိုပါတယ်။ ဘာလို့လဲ တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် ကွန်ပျူတာရှေ့ ဖုန်းရှေ့မှာ ထိုင်ပြီး သူပြပေးထားတာလေးတွေကြည့် သူခိုင်းတာလေးတွေလုပ်ရုံလေးပါပဲ။ အခက်ကြီးလား မခက်ပါဘူး အလွယ်ကြီးလား စိတ်ရှည်လက်ရှည်လုပ်နေဖို့ဆိုတာ လူတိုင်းမလွယ်လို့ပါ။သဘောပေါက်မှာပါ။ ခင်ဗျားတခြားအလုပ်တွေ နေ့ခင်းဘက်မှာလုပ်နေပါစေအုံး။ သူ့အတွက် ခင်ဗျားအားတဲ့ ညပိုင်းလေးမှာ ခဏလေးလုပ်ပေးလိုက်ပါ။လုံလောက်ပါတယ်။ ပျင်းနေတယ်ဆိုရင်တော့ ခင်ဗျားPTC site မှာ ငွေရှာဖို့မစဉ်းစားပါနဲ့တော့ ခင်ဗျားရဲ့ လုံ့လ ဝရိယ ဇွဲနဲ့ မဖြစ်နိုင်လို့ပါ။
အရင်းနှီးလိုလား??? အရင်းနှီးလိုလားလို့မေးရင် မရင်းနှီးပဲဘယ်ဟာမှ မရပါဘူး။ သူတောင်းစားတောင်မရတာ အားလုံးအသိပါ။ ဒါမယ့် မပူပါနဲ့ ခင်ဗျားမှာ မရှိတဲ့ မတတ်နိုင်တဲ့ ငွေမဟုတ်ပါဘူး။ အချိန်နဲ့ အင်တာနက်ဖိုးလေးတော့ အကုန်ကျခံနိုင်ရပါမယ်။ အစောပိုင်းရက်တွေမှာ ပေးတဲ့ငွေလေးက မဖြစ်စလောက်လေးပါ။ ဘယ်လောက်ထိလဲဆို မြန်မာငွေနဲ့တွက်ရရင် ပြားငါးဆယ်တကျပ်လောက်ပါပဲ။ ခင်ဗျားကုန်တာက ဘေဖိုးနှစ်ရာလောက်ဆိုတော့ ခင်ဗျားရှုံးနေပြီပေါ့။ စိတ်ညစ်သွားမှာသေချာပါတယ်။ ကျွန်တော်တောက်လျှောက်ပြောခဲ့သလို ဇွဲ ရှိဖို့လိုတယ်ဆိုတာမမေ့ပါနဲ့။ တစ်နေ့မှာ ခင်ဗျားဟာ ခင်ဗျားစိုက်ခဲ့တဲ့ အပင်ကအသီးကို ခူးဆွတ်ပြီးစားသောက်နိုင်မယ်လို့အာမခံလိုက်ပါရစေ။ ဘယ်လောက်ထိလဲဆို တစ်နေ့ကို တစ်သောင်းလောက် ကိုယ့်အိတ်ကပ်ထဲ ဝင်ပြီးဘာမှလုပ်မရာမလိုဘူးဆိုမမေ့ပါနဲ့။ သင်ဟာ online ပေါ်မှာ ငွေရှာမယ်လို့လဲဆုံးဖြတ်ထားတယ်။ သေချာလုပ်မယ်လို့လဲ ဆုံးဖြတ်ထားတယ်။ အင်တာနက်ဖိုးကတော့ မတတ်နိုင်လို့ဆိုရင်လဲ တခြားblogger တွေထက်ကျွန်တော်စေတနာ နည်းနည်းပိုလိုက်ပါရစေ။ တပတ်လုံး အင်တာနက်ကို အမုန်းသုံးတစ်ထောင်ပဲကုန်မယ်ဆိုရင်တော့ စိတ်ဝင်စားမယ်ထင်ပါတယ်။ ဒါက ကိုယ့်လိုမရှိဆင်းရဲသားတွေအတွက်ပါ။ အင်တာနက်ကို တပတ်စာ အမုန်းသုံးတစ်ထောင်ကို မသိသေးလို့ ဘယ်လိုလုပ်ရမလဲသိချင်ရင် အောက်က link လေးမှာ နှိပ်ပြီးလေ့လာပါဗျာ။
PTC site တွေက တကယ်ရောပေးရဲ့လား??? ယုံကြည်ရပါ့မလား???
PTC site တွေဟာ အများကြီးရှိပါတယ်။ တကယ်ယုံကြည်ရတဲ့ site တွေရှိသလို မပေးပဲလိမ်တဲ့ site တွေလဲ အများကြီးပါ။ ကျွန်တော်ကတော့ အလျဉ်းသင့်သလို ယုံကြည်ရတဲ့ ဆိုဒ်တွေကိုသာ ညွှန်းသွားမှာမို့ စောင့်ဖတ်ပေးကြပါဗျာ။
ခင်ဗျားပြောတဲ့ ငါးဒေါ်လာ ဆယ်ဒေါ်လားရဖို့ အချိန်ဘယ်လောက်လိုမလဲ???
ဒီမေးခွန်းကိုလဲ စိတ်ဝင်စားကြမှာပါ။ ခင်ဗျားဝင်ငွေအဲ့လောက်ရဖို့ကတော့ တကယ့်လက်တွေ့ဘဝမှာတောင်အချိန်အများကြီးလိုအပ်မှာပါ။ အရင်းရှင်တစ်ယောက်မဟုတ်ပဲ သာမန်လူတန်းစားတစ်ယောက်ဆိုရင်ပေါ့။ ဒီမှာတော့ ခင်ဗျားသာဇွဲရှိမယ်ဆိုရင် နှစ်လခွဲ သုံးလလောက်ပုံမှန်လုပ်ပေးသွားရင်ကို ခိုင်ပြီလို့ ပဲပြောလိုက်ပါရစေ။
ရတဲ့ငွေက မြန်မာငွေလား??? ငွေဘယ်လိုထုတ်ရမလဲ???
ငွေထုတ်ဖို့ online payment system တွေအများကြီးရှိပါတယ်။ အဲ့ထဲက ကိုယ့်နိုင်ငံနဲ့ အဆင်ပြေစေမယ့် online payment တွေနဲ့ အသုံးပြုပုံတွေ ငွေထုတ်ယူပုံတွေကို နောက်ပိုင်းမှာရှင်းပြပေးပါမယ်။
ခင်ဗျားကောလုပ်နေလား???ဘယ်လောက်ရနေလို့ သေချာပြီးရှင်းပြနေတာလဲ???
ဒါကိုတော့ စိတ်ဝင်စားနေပါပြီ။ ကျွန်တော်လဲ လုပ်နေပါတယ်။ ဝင်ငွေက အများကြီးမဟုတ်သေးပါဘူး။ site တစ်ဆိုဒ်မှာ ကျွန်တော့ Bap အမှတ်က 10000ကျော်နေပါပြီ။ bap ကဘာလဲဆိုတော့ အဲ့BAP အမှတ်ပေါ်မူတည်ပြီး ခင်ဗျားရမယ့်ပိုက်ဆံတွေဟာ Bap များလေ ပိုက်ဆံများလေလို့သာ အကြမ်းဖျင်းမှတ်ထားပါ။ လုပ်ရမယ့်ဆိုဒ်ရောက်မှ လုပ်ပုံလေးတွေနဲ့ တွဲရှင်းပြပေးပါမယ်ဗျာ။ ကျွန်တော်အရင်ကတည်းက လုပ်ချင်ခဲ့တာပါ။ အခုလို ပြောပြမယ့်သူ online အမြဲနေနိုင်အောင် နည်းလမ်းပေးမယ့်သူ။ ကျွန်တော်လုပ်ချင်ခဲ့ပေမယ့် ဘေဖိုးမတတ်နိုင်ခဲ့လို့ မလုပ်ခဲ့နိုင်ဘူး။ အခုတော့ ကျွန်တော်အပေါ်မှာပြောပြထားပေးတဲ့ နည်းလေးနဲ့ internetကို အမြဲသုံးဖြစ်နေပြီး online အလုပ်တွေကောင်းကောင်းလုပ်နိုင်နေပါပြီဗျာ။
ဒီpost ကို ကြည့်နေတဲ့ ခင်ဗျားဟာ မြန်မာတစ်ယောက်ဆိုရင် အားဆေးတစ်ခွက်အဖြစ် တခုခုဝင်မန့်သွားပါဗျာ။ ဒီpostရေးနေတာ ခါးနာနာနဲ့မို့ပါ။ နောက်တပိုင်းတွေမှာ PTC site တွေထဲက ယုံကြည်ရတဲ့ site တွေနဲ့ လုပ်ပုံတွေကို ရှင်းပြပေးသွားမှာပါ။
အဆင်ပြေကြပါစေဗျာ...(ဖားကန့်သားလေး)

No comments:
Post a Comment