BTC btc ရဲ့သဘောကတော့ 1bitcoin ရဖို့ bitcoin ပေးတဲ့ site တွေကိုသွားပြီး bitcoinရဲ့ Unit တွေဖြစ်တဲ့ Santoshis လေးတွေလိုက်စုပြီး ပေါင်းစပ်လိုက်တဲ့အခါ 1 bitcoin ရတဲ့ အထိပေါ့လေ။ လိုက်စုပြီး ထုတ်လိုက်တာပါ။ bitcoin ကို online ရဲ့ ရွှေလို့တောင်တင်စားကြပါတယ်။
ဘာလို့တင်စားကြလဲဆိုတော့ အရမ်းတန်ဖိုးရှိလို့ပါ။ ဘယ်လောက်တန်းဖိုးရှိလဲမေးတဲ့အခါ အခုကျွန်တော် ရေးနေချိန်မှာတောင် 1bitcoin ကို 6.6 USD ပေါက်ပါတယ်။ မြန်မာ့ငွေဈေးနှုန်းနဲ့တွက်ချက်တဲ့ အခါအရမ်းအရမ်းကိုများပါတယ်။ santoshis ပေးတဲ့ site တွေကိုသွားပြီး santoshis လေးတွေသွားစုရပါမယ်။ သွားတောင်း သွားစုတဲ့အခါမှာလဲ site တစ်ဆိုဒ် နဲ့တစ်ဆိုဒ် ပေးကြတာချင်းမတူညီကြပါဘူး။ နည်းနည်းလေးစီပေးတာပါ။ နည်းနည်းလေးဆိုမှ တကယ့်နည်းနည်းလေးပါ။ ဘာလို့လဲ Bitcoin က အရမ်းတန်ဖိုးကြီးတာကိုး။ အများကြီးဘယ်ပေးမလဲ။အဲ့လောက်လေးပေးတာကိုမှ online မှာ bitcoin ရှာပြီးဘဝကို ပြေလည်နေသူတွေရှိတယ်ဆိုတာ လုံးဝမမေ့ပါနဲ့။ site တစ်ဆိုဒ်ကိုသွားတယ် ကိုယ့်bitcoin adress တောင်းတယ်။ ကိုယ်က ထည့်ပေးလိုက်တယ်။ ရော့ 0.00000100 ပေးခဲ့တယ်။ နောက်တစ်နာရီမှ ပြန်လာတောင်း ပြန်လာစု အဲ့လိုပြောခဲ့ပါတယ်။ ဆိုဒ်တစ်ဆိုဒ်နဲ့ တစ်ဆိုဒ်ပေးတာချင်းလဲမတူသလို နောက်တစ်ကြိမ်ထပ်ပေးမယ့်အချိန်ချင်းလဲ မတူပါဘူး။တချို့က နာရီဝက်အတွင်းပြန်ပေးသလို တချို့ တစ်နာရီ နှစ်နာရီစသဖြင့်ပေးပါတယ်။ အဲ့တော့ဗျာ သူ့ဟာသူဘယ်လောက်ပဲပေးပေး ဘယ်အချိန်ပဲပေးပေး ကိုယ်က ရချင်တဲ့သူဆိုတော့ ကိုယ်စုရမှာပေါ့။ ဒီအလုပ်က ဇွဲရှိမှရပါမယ်။ တော်ရုံဇွဲလောက်နဲ့ မလွယ်ပါဘူး။ ဒီလိုပြောလို့စိတ်ညစ်အောင်မဟုတ်ပါဘူး။ချမ်းသာတဲ့ အထိကိုဖြစ်သွားနိုင်ပါတယ်ကိုယ့်အပေါ်မူတည်တယ်ဆိုတာ မမေ့ပါနဲ့။ internet အမြဲမရနိုင်ရင်လဲ မလွယ်ပါဘူး။ 1bitcoin ရဖို့ santoshis ပေါင်းမြောက်များစွာစုရပါမယ်။ ဆန်တိုရှီပဲဘာလို့ပြောနေလဲဆိုတော့ ကျွန်တော်က Bitcoin စုသူမဟုတ်တော့ santoshi ပဲသိလို့ပါ။ တကယ်ဆို Bitcoin မှာ unit တွေအများကြီးရှိပါသေးတယ်။ 1 Bitcoin ကို ဘယ်လောက်တန်လဲ ဆိုတာတော့ သိပြီးပြီနော်။ micro santoshi ပေါင်းဘယ်လောက်စုရင် santoshi ပေါင်းဘယ်လောက်စုရင် 1bitcoin လဲဆိုတော့
= 0.00000001 ฿= 0.00000010 ฿= 0.00000100 ฿= 1 Bit / μBTC (you-bit)= 0.00001000 ฿= 0.00010000 ฿= 0.00100000 ฿= 1 mBTC (em-bit)= 0.01000000 ฿= 1 cBTC (bitcent)= 0.10000000 ฿= 1.00000000 ฿
ကိုင်းအဲ့မှာသာ ကြည့်ကြပါဗျာ။ ကျွန်တော်က Btc သမားမဟုတ်တော့ ဒီ့ထက်ပိုရှင်းမပြနိုင်တာ စိတ်မကောင်းပါဘူး။ တကယ်လို့ Bitcoin စုချင်တယ်။ စိတ်ဝင်စားတယ်ဆိုရင် ဘယ်လိုစလုပ်ရမယ်ဆိုတဲ့ online က ဆရာများရေးထားတဲ့ pdf file လေးကို မန့်ချန်ထားပြီ တောင်းဆိုနိုင်ပါတယ်ဗျာ။ ဒါမှမဟုတ် 09978721690 ကို message ပို့ထားပြီးတော့လဲ link တောင်းနိုင်ပါတယ်ဗျာ။
နောက်တပိုင်းမှာမှ ကျွန်တော်ကိုယ်တိုင်လဲ လုပ်နေတဲ့ PTC အကြောင်းကို ရှင်းပြပေးပါမယ်ဗျာ
အဆင်ပြေကြပါစေဗျာ...(ဖားကန့်သားလေး)

No comments:
Post a Comment